ဒီးဒုတ်ရေတံခွန်ဟာ မန္တလေးမြို့ ၏ အရှေ့ တောင်ဘက်မှာရှိပြီး ရဲရွာရေအားလျှပ်စစ်စီမံကိန်းလမ်းအတိုင်း သွားလျှင်ရောက်ရှိနိုင်ပါတယ်။
လမ်းကလဲ အရမ်းကောင်း၊လမ်းဘေးတလျောက် တောင်တန်းကြီးများ၊စိမ်းလန်းစိုပြေတဲ့ သစ်ပင်တွေနဲ့ 
ရှုမငြီးအောင် သာယာလှပါတယ်။
ရေတံခွန်တောင်ခြေမှာ စားသောက်ဆိုင်တန်း၊ယာဉ်ရပ်နားရန်နေရာများလည်း ရှိပါတယ်၊နောက် လဲစရာအ၀တ်အစားများယူပြီး တောင်ပေါ် ရေပြာစမ်း ရှိရာသို့ ချီတက်ခဲ့ရာ (၁၀)ထပ်ရေတံခွန်သို့ ရောက်
ဒီလိုသာယာလှပတဲ့ အပေါ်စီးမြင်ကွင်းလေးကြောင့် မောဟိုက်နေမှုများ ပြေပျောက်ခဲ့ရပါတယ်
ရေပြာစမ်းရှိရာသို့  တောင်စောင်းဘေးမှာ ဒီလိုခင်းထားတဲ့ လှေကားနဲ့  ဒူးတုန်အောင် ဆင်းခဲ့ရပါတယ်
ကြည်လင်အေးမြတဲ့ ရေပြာစမ်းမှာ ကူးခတ်ဆော့ကစားရင်း ရေချိုးရတဲ့အရသာဟာ ဘ၀အတွက် ခွန်အားသစ်တွေဖြစ်သလို ခံစားရင်း.......
မိတ်ဆွေတို့ ရော အခါအခွင့်သင့်ရင် အလည်တစ်ခေါက် ရောက်အောင် သွားသင့်တဲ့ နေရာလေးပါ
Subscribe to:
Post Comments (Atom)

















0 comments:
Post a Comment