မန္တလေးမြို့ ၏တောင်ဘက်မှာ တည်ရှိပြီး ကား/ဆိုင်ကယ်ဖြင့် ပုံမှန်မောင်းနှင်လျှင်၄၅-မိနစ်ဆို ရောက်ရှိမည်
ဖြစ်ပါသည်။ ဦးပိန်တံတားကို သက္ကရာဇ် ၁၂၁၁-ခုနှစ်တွင် မြို့ စာရေးဦးပိန်က စတင်တည်ဆောက်ခဲ့ပြီး
၁၂၁၃-ခုနှစ်တွင် ဆောက်လုပ်ပြီးစီးပါသည်။("အင်းက အော်အာ" ဆောက်လုပ်ခါ၊ "အင်းက အော်ညီး"
ဆောက်လုပ်ပြီး)

တိုင်ပေါင်း(၁၀၈၆)တိုင်၊အခန်းပေါင်း(၄၈၂)ခန်း၊အရှည်(၇.၈)ဖာလုံ၊ဇရပ်လေးဆောင်ရှိပြီး ကမ္ဘာမှာ
အရှည်ဆုံး ကျွန်းသားတံတားဟုလည်း မှတ်သားရပါသည်။
ဦးပိန်တံတားသည် အမရပူရမြို့ ဘက်ရှိ တောင်မင်းကြီးဘုရားနှင့် တောင်သမန်အင်းအရှေ့ ဘက်ရှိ
တောင်သမန်ရွာတို့ ကို ဆက်သွယ်ထားခြင်းလည်း ဖြစ်သည်။

ယခုအခါ ရေကျချိန်ဖြစ်သဖြင့် ထွန်ယက်စိုက်ပျိုးနေပြီး မြေပဲ၊ပြောင်း တို့  အဓိကစိုက်ပျိုးလုပ်ကိုင်
သည်ကို တွေ့ ရပါသည်။

တောင်သမန်တွင် လှေစီးရင်း ပတ်ဝန်းကျင်အလှအပများကို ခံစားကြည့်ရှုနိုင်ပါသည်။ တောင်သမန်၏
နေ၀င်ဆည်းဆာအလှကို မြင်တွေ့ နေကျဖြစ်သော ကျနော်တို့ အဖို့ မထူးဆန်းသော်လည်း နိုင်ငံခြား
သား ကမ္ဘာလှည့်ခရီးသွားများအတွက် မြင်ရခဲသော မြင်ကွင်းမျိုးဖြစ်သဖြင့် တကူးတက စောင့်မျှော်
ကြည့်ရှု့ ကြရသော နေရာတစ်ခုလဲ ဖြစ်ပါသည်။

တောင်သမန်မှာ ပန်းချီ၊လက်မှုပစ္စည်းများလဲ အမှတ်တရ ၀ယ်ယူသိမ်းဆည်းနိုင်ပါတယ်။

တောင်သမန်မှာ လေ့လာအပန်းဖြေရင်း အကြော် အလှော် စားသောက်ဖွယ်ရာအစုံလဲ စားသောက်နိုင်
ပါတယ်။
ဦးပိန်တံတားသည် မြန်မာဗိသုကာ ပညာရှင်များ ဆောက်လုပ်ထားခြင်းဖြစ်ပြီး မြန်မာနှင့် ကမ္ဘာကျော်
ရှုခင်းကောင်းတစ်ခု ၊လေ့လာအပန်းဖြေရန် နေရာ တစ်ခုဖြစ်ပါတယ်။

0 comments:

Post a Comment

 
Top