တမုတ်ရှင်ပင်ရွှေဂူကြီး စေတီတော်သည် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ ၏ အနောက်ဘက်
၆-မိုင်အကွာ ကြောင်ပန်းကုန်း၊ညောင်ပင်ဇောက်၊ငယ်တိုးများအနီးတွင် တည်ရှိပါသည်။

အနော်ရထာမင်း တည်ထားခဲ့သော "ရွှေဂူ" စေတီတော်ကြီး"ကိုးဆူ" တွင် တမုတ်ရှင်ပင်ရွှေဂူကြီး
စေတီတော်မှာလည်း တစ်ဂူအပါအ၀င်ဖြစ်သည်။

နှစ်ပရိစ္ဆေဒ ကြာမြင့်လာသဖြင့် ပျက်စီးယိုယွင်းမှုကို ရှေးမင်းအဆက်ဆက် ထိန်းသိမ်းပူဇော်ခဲ့ကြသော်
လည်း ပင်းယမြို့ ပျက်သည်နှင့် ပြုပြင်ထိန်းသိမ်းမှု ကင်းကွာပြီး ရာသီဥတုဘေးဒဏ်ကြောင့် ပြိုကျပျက်
စီး အုတ်ပုံကြီးဘ၀ ရောက်ရှိခဲ့ကြောင်း မြင်တွေ့ မှတ်သားရပါသည်။

ယခုအခါ စေတီတော်ကြီးအား ရှေးမူမပျက် ပြန်လည်တူးဖော်လျက်ရှိရာ ရှေးဟောင်းရှားပါး ပုဂံလက်ရာ
တမုတ်ရွှေဂူကြီး စေတီတော်မြတ်ကြီးကို ဖူးတွေ့ ရသည်မှာ အံ့သြကြည်ညိုစရာ ကောင်းလှပါသည်။

ပုဂံခေတ် အေဒီ ၁၁ ရာစုမှ ပင်းယခေတ် အေဒီ ၁၄ ရာစုအတွင်း ရှေးမူလလက်ရာများ အတိုင်း
တစ်စုတစ်ဝေးတည်း မြင်တွေ့ လေ့လာနိုင်သော ဖော်ထုတ်ပြုပြင်နေဆဲ မြန်မာ့ဂုဏ်ဆောင်
စေတီတော်ကြီး ဖြစ်ပါသည်။

0 comments:

Post a Comment

 
Top