မန္တလေးတိုင်းဒေသကြီး ၊ကျောက်ဆည်မြို့ ၏ အနောက်ဘက် ၅-မိုင်ခန့် အကွာ ညောင်ရွှေကွင်းအတွင်းရှိ
ယခု ဖူးတွေ့ ကြည်ညိုရသည့် ပုဂံ၊ပင်းယ၊အင်းဝ၊ညောင်ရမ်း၊ကုန်းဘောင် ခေတ်ငါးခေတ်လက်ရာ အဆင့်
ဆင့် အထပ်ထပ် ပူဇော်ထားသည့် ရှေးမြန်မာမင်းများ ကုသိုလ်တော် ရှင်ပင်ရွှေဆပ်သွား ဘုရားကြီး ဖြစ်
ပါသည်။


ဘုရားကြီး၏ မူလကုသိုလ်ရှင်မှာ သီရိဓမ္မာသောကမင်းကြီး ဖြစ်ပြီး အနော်ရထာမင်းတရားကြီးက
မူလစေတီကို ငုံကာ" ဆပ်သွားစေတီ " တည်ထားပူဇော်ခဲ့သည်။ " ဆပ်သွားစေတီ " ဘွဲ့ တော်
တွင်ရခြင်းမှာ အမည်မသိ အဖိုးအဖွား သူတော်စင်နှစ်ဦးတို့ က ဆပ်သွားနှစ်ဖူး ဆပ်သလာခြင်း
ကြောင့် လည်းကောင်း၊ စေတီတော်အတွင်း ဌာပနာသွင်းနိုင်ရန် ဘုရားရှင်၏ ဓာတ်တော်များကို
ပင့်ဆောင်ကြသည့်အခါ ဓာတ်တော်များသည် ဆပ်သွားဖူးသဏ္ဍာန် ပုံပေါ်လာပြီး ဖူးမြင်လာကြသူ
များကိုလည်း ဆပ်သွားဖူးရနံ့ များသင်းပျံ့ မွှေးကြိုင်စေခဲ့သဖြင့် " ဆပ်သွားစေတီ " ဟုဘွဲ့ တော်
အမည်တွင်ကြောင်း မှတ်သားရပါသည်။




0 comments:

Post a Comment

 
Top